ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၂၀) ကျောင်းကို ယာယီပိတ်ထားရ

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း များရှိ အခြေခံပညာကျောင်းများ၌ မြစ်ရေဝင်ရောက်သဖြင့် ယနေ့နံနက်မှစတင်၍ အခြေခံပညာကျောင်း (၂၀) ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။

ကံမမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၂၉) ကျောင်း ရှိသည့်အနက် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာအထက်တန်းကျောင်း (၁) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၄) ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်းတန်းကျောင်း (၁၅) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၂၀) ကျောင်းကို ယာယီပိတ်ထားရပြီး အဆိုပါကျောင်းများတွင် တက်ရောက် စာသင်ကြားနေသည့် ဆရာ၊ ဆရာမ (၁၄၀) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၇၁) ဦး ရှိကြောင်း သိရသည်။

အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မြစ်ရေများ ပြန်လည်ကျဆင်းချိန်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ကျောင်းများပြန်လည် ဖွင့်လှစ်ကာ သင်ခန်းစာများ နောက်မကျစေရေးအတွက် စာသင်ချိန်များ အစားထိုးပြန်လည် သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်း ကိုယ်စားပြု မယ်စင်္ကြာဝဠာ ၂၀၂၄ အတွက် Opal ရရှိ
Next post (၁၆-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်