အဆိုတော်ဖြိုးကြီးနဲ့အတူ ငယ်ဘဝကို ပြန်ရောက်သွားစေမယ့် 360 Degree Concert ကို ဇူလိုင် ၅ ရက်တွင် ကျင်းပမည်

“အထည်ကြီးပျက်” တေးသီချင်းနဲ့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ အဆိုတော်ဖြိုးကြီးနဲ့အတူ ငယ်ဘဝကို ပြန်ရောက်သွားစေမယ့် 360 Degree Concert ကိုတော့ လာမယ့် ဇူလိုင် ၅ ရက်နေ့ ည ၇နာရီမှာ Sky Star Hotel ၌ ကျင်းပမှာဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ သီချင်းတွေနဲ့ နည်းနည်းအဆက်အသွယ်ပြတ်သလိုဖြစ်သွားတယ်။ ခုနောက်ပိုင်း အဓိက ငါ့ရဲ့အရာရာ ကိုယ့်ရဲ့သီချင်း ပြန်လုပ်ဖြစ်လာခဲ့တာပါ။ ကိုယ်ဆိုခဲ့တဲ့ သီချင်းတွေအတွက် ကိုယ့်မှာ တာဝန်တစ်ခုရှိလာသလို ခံစားရတယ်။ ကျွန်တော့်ကို သပ်သပ်အားပေးတဲ့ ပရိသတ်တွေ ရှိတယ်။ သူတို့အတွက် ကျွန်တော့်အနေနဲ့ သီချင်းတွေအပေါ်မှာ တာဝန်ရှိလာတယ်။ ခုနောက်ပိုင်း အလုပ်တာဝန်တွေကြားက ခေတ္တရုန်းထွက်ပြီး သံစဉ်တွေနဲ့ စိတ်ထွက်ပေါက်ရှာလိုတဲ့ သူတွေအတွက် ပျော်ကြဖို့ စီစဉ်ထားတဲ့ ပွဲတစ်ခုအနေနဲ့ သီဆိုဖြစ်တာပါ” လို့ အဆိုတော် ဖြိုးကြီးက ပြောပါတယ်။

သူနဲ့အတူ ဇူလိုင် ၅ ရက်နေ့ ညမှာတော့ ဧည့်သည်အဆိုတော်တွေများစွာ ပါဝင်ဖျော်ဖြေကြမှာဖြစ်သလို ဖြိုးကြီးကို တစ်ချိန်က အောင်မြင်စေခဲ့တဲ့ သီချင်းတွေ ဖျော်ဖြေပေးမှာလည်းဖြစ်ပါတယ်။

ဖြိုးကြီးက လက်ရှိ အသက် ၄၀ ကျော်ရှိပြီးဖြစ်ပြီး အထည်ကြီးပျက်၊ ရွှေမင်းသမီးနဲ့ ဂစ်တာအို၊ ပလက်တီနမ်ဆွဲကြိုး၊ မှားပြီ၊ နှုတ်ဆက်ပါတယ်၊ မမုန်းကြေး၊ တမ်းတဖော်၊ ငါ့ရဲ့အရာရာ စတဲ့ တေးသီချင်းတွေကို သီဆိုခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post အနုပညာရှင်များနဲ့ ဖွင့်လှစ်ခဲ့တဲ့ Myat Yadanar San Jewellery ရဲ့ ဆိုင်အမှတ် (၂) ဖွင့်ပွဲအခမ်းအနား