(၃၀-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃၀-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် (၇၀)ပြည့်အထိမ်းအမှတ်ပွဲတွင် ဦးသိန်းစိန် မိန့်ခွန်းပြော

၂။ မြန်မာဘဏ်များအပေါ် အရေးယူရန်လုပ်ဆောင်ခြင်းက ပြည်တွင်းစီးပွားရေးလည်ပတ်မှုအပေါ် ထိခိုက်စေပြီး ယင်းလုပ်ငန်းများရှိ ဝန်းထမ်းနှင့် ၎င်းတို၏ မိသားစုများကိုပါ ထိခိုက်စေကြောင်း UMFCCI တုံပြန်

၃။ မြန်မာနိုင်ငံနှင့်ကုန်သွယ်မှုများ၊ ဘဏ္ဍာရေးလွှပြောင်းခြင်းများကိုတားဆီးပိတ်ပင်ရန် အစီအစဉ်မရှိဟု စင်ကာပူအစိုးရပြော

၄။ ဇူလိုင် လမှစတင်ပြီး အများပြည်သူ အလွယ်တကူ ခွဲခြားသိရှိနိုင်ရန် ရိုးရိုး ဒီဇယ်ဆီကို အပြာရောင်ဖြင့် ရောင်းချမည်

၅။ သီပေါမှာ လမ်းတွေ ဖြတ်တောက်လိုက်တာကြောင့် ဆွမ်းကိစ္စ ခက်ခဲလာလို စာသင်နေတဲ့ ကိုရင်တွေ နေရပ်ပြန်

၆။ ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်တွင် တရုတ်နှင့်မြန်မာနိုင်ငံသားများပါဝင်သော ကျားဖြန့်ဂိုဏ်းဝင် ၁၃ ဦးအား ထိုင်းရဲတပ်ဖွဲဖမ်းဆီး

၇။ တောင်တွင်းကြီးမြိုနယ်နှင့် ဒိုက်ဦးမြိုနယ်တိုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ရပ်/ကျေးစာရေးမတစ်ဦး၊ ညောင်ဦးမြိုနယ် ရာအိမ်မှူးတစ်ဦး၊ ၎င်း၏ သမီးနှင့်သားဖြစ်သူ မြေစာရင်းဝန်ထမ်းနှင့် မြစ်သားမြိုနယ်တို့ တွင် မူလတန်းပြဆရာမတစ်ဦးနှင့် ၎င်း၏အစ်ကိုဝမ်းကွဲတစ်ဦးတို သေနတ်ဖြင့်ပစ်ခတ်ခံကြရ

၈။ ဇွန်လ ၂၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၇၈၃,၂၀၆ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၅၅ ကျပ်၊ Octane 95 – ၂၇၉၀ ကျပ်၊ Diesel – ၂၄၆၅ ကျပ်၊ Premium Diesel – ၂၈၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ မြောက်ကိုရီးယားတွင် K-Pop သီချင်းနားထောင်မှုဖြင့် အမျိုးသားတစ်ဦးလူမြင်ကွင်းတွင် ကွပ်မျက်ခံရ

၂။ အီရန်သမ္မတရွေးကောက်ပွဲတွင် မဲရလဒ်အသာစီးရသူမရှိသဖြင့် ဒုတိယအကြိမ် မဲပေးရွေးချယ်မှုပြုလုပ်မည်

၃။ ဘိုင်ဒင်၏အစိုးရအဖွဲက ဘိုင်ဒင်ကို ရာထူးက ဖယ်ရှားသင့်ဟု အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌပြော

၄။ မူးယစ်ဂိုဏ်းများကို ကာကွယ်ပေးခြင်းများကြောင့် ဟွန်ဒူးရက်သမ္မတဟောင်းကို အမေရိကန်တရားရုံးက ထောင်ဒဏ်(၄၅)နှစ်ချမှတ်

၅။ တားမြစ်ခံထားရတဲ့ နျူကလီးယားစွမ်းရည်ရှိတဲ့ ဒုံးကျည်တွေ ထုတ်လုပ်မှုကို ပြန်လည်စတင်တော့မယ်လို ရုရှားသမ္မတပြော

၆။ ယူကရိန်းသမ္မတ ဇီလန်စကီးက ပဋိပက္ခအဆုံးသတ်ရေးအတွက် ပြင်ဆင်နေ

အားကစားသတင်းများ

၁။ ရုရှားတွင် ယနေ့ ကျင်းပသည့် နဂါးလှေလှော်ပြိုင်ပွဲ မြန်မာရွှေတံဆိပ်ရရှိ

၂။ အိမ်ရှင်ပီပီ ဒိန်းမတ်ကို သက်တောင့်သက်သာဖြင့် ဂိုးပြတ်အနိုင်ရရှိကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ဂျာမနီ

၃။ ၁၆ သင်းအဆင့် ရှုးထွက်အဖွင့်ပွဲစဉ်မှာ ယူရိုချန်ပီယံ အီတလီကို အနိုင်ကန်ပြီး ကွာတားကို တက်ရောက်နိုင်ခဲ့တဲ့ ဆွစ်ဇာလန်

၄။ ဘာစီလိုနာအသင်းဟာ အမ်ဘာပေရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် လမိုင်း ယာမယ်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပီအက်စ်ဂျီရဲ့ အသိပေးခြင်းကို ခံခဲ့ရ

၅။ နယူးကာဆယ် ယူနိုက်တက်အသင်းဟာ PSR မငြိအောင် အန်သိုနီ ဂေါ်ဒွန်ကို လီဗာပူးလ်အသင်းဆီ ရောင်းချချင်ပေမယ့်လည်း ပြောဆိုဆွေးနွေးနေမှုတွေဟာ ပျက်ပြယ်သွားပြီဖြစ်တယ်လို့ သိရ

အနုပညာသတင်းများ

၁။ ကိုလူချောအဖွဲတွေ အက်ရှင်ဇာတ်ဝင်ခန်းတွေ ရိုက်ကူးတာကိုကြည့်ရင်း သနားလာတယ်ဆိုတဲ့ ညိမ်းသော်

၂။ လှတောသားရဲ့ အမူအကျင့်လေးတွေ ပုံဖော်ရိုက်ကူးထားတဲ့ “လှတောသားကွ ဖျားသွားမယ်”ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကျင်းပ

၃။ ရည်းစားထားရတာ လွယ်ပေမဲ့ တကယ်ချစ်သွားတယ်ဆိုရင် Management လုပ်ရတာခက်တယ်ဆိုတဲ့ အိစိကွေး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုရှားတွင် ယနေ့ ကျင်းပသည့် နဂါးလှေလှော်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာ
Next post PDF နှင့် TNLA တို့က ရှော့တိုက်ဒုံးဖြင့်ပစ်၍ က်ိုရင်တစ်ပါး၊ အဘွားအိုတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးသေဆုံး၊ ကိုရင်လေးပါးအပါအဝင် ခုနစ်ဦးဒဏ်ရာရ