(၁၂-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၂-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ အခြေခံအဝတ်အထည်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေးဆောင်ရွက်ပေးရန် တပ်ချုပ်မှာကြား

၂။ ၂၀၂၃ – ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အင်းစိန်ဗဟိုအကျဥ်းထောင်မှ ဖြေဆိုသူ (၇) ဦးစလုံးအောင်မြင်ပြီး (၁) ဦးမှာ ဝိဇ္ဇာတွဲဖြင့် တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးဖြစ်

၃။ (၉) နှစ်အတွင်း ကျပ်ဘီလျံ (၃ဝဝ) ခန့်တန်ကြေးရှိ မူးယစ်ဆေးဝါးများကို AA အဖွဲဝင်များထံမှ သိမ်းဆည်းရမိထား

၄။ မောင်းဂွေးရေတံခွန်သို ပျော်ပွဲစားထွက်သည့် အမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး

၅။ မြန်မာတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအဆုံးသတ်ကြရန် မလေးရှားဝန်ကြီးချုပ်တိုက်တွန်းတောင်းဆို

၆။ သန်လျင်တံတားအမှတ် (၃) ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်စီစဉ်ခဲ့သူကိုးဦးအား ရှော့တိုက်ဒုံးသုံး လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

၇။ မေမီကိုကိုရဲ့ Ko Ko Nail & Beauty Bar ဆိုင် သူခိုးသုံးယောက်ဖောက်ဝင်ပြီး ဖုန်းတွေအခိုးခံခဲ့ရ

၈။ ဇွန်လ ၁၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၅၅,၀၄၇ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၄၉၅ ကျပ်၊ Octane 95 – ၂၆၁၅ ကျပ်၊ Diesel – ၂၃၀၅ ကျပ်၊ Premium Diesel – ၂၃၅၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ လာမည့်သီတင်းပတ်များအတွင်း မြောက်ကိုရီးယားနှင့် ဗီယက်နမ်သို သမ္မတပူတင် သွားရောက်မည်ဟု ရုရှားသတင်းစာ ဖော်ပြ

၂။ အမေရိကန်သည် တောင်တရုတ်ပင်လယ်တွင် အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုဖြစ်ဟု တရုတ် ပြောကြား

၃။ ရုရှားနိုင်ငံတွင် ကျင်းပသည့် ၂၀၂၄ စီးပွားရေးဖိုရမ်တွင် ရုရှားက အမေရိကန်ဒေါ်လာ ၇၁ ဘီလျံကျော်ရှိ စီးပွားရေးဆိုင်ရာ လုပ်ငန်းစာချုပ်များ ချုပ်ဆို

၄။ ထိုင်းနိုင်ငံ ဘန်ကောက်မြိုရှိ တိရိစ္ဆာန်ဈေး မီးလောင်မှု ဖြစ်ပွားပြီး တိရိစ္ဆာန်များ သေဆုံး

၅။ မာလာဝီဒုတိယသမ္မတ လိုက်ပါသွားသည့် စစ်လေယာဉ်ပျောက်နေသဖြင့် ရှာဖွေနေရ

၆။ ပြင်ပ ခြိမ်းခြောက်မှုတွေ ကြီးထွားလာမှုအတွက် ဖိလစ်ပိုင် ပြင်ဆင်ထားရမယ်လို သမ္မတ ပြောဆို

အားကစားသတင်းများ

၁။ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဂိုးပြတ်အရှုံးနဲ့ အဆုံးသတ်ခဲ့တဲ့ မြန်မာ

၂။ Mastercard ကြော်ငြာအသစ်မှာ ပါဝင်လာတဲ့ မက်ဆီ

၃။ ဘာစီလိုနာအသင်းဆီ ပြန်သွားမှာ မဟုတ်ဘူးလို့ အပြတ်ငြင်းလိုက်တဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ

၄။ အသင်းခေါင်းဆောင် လီဝန်ဒေါစကီးရဲ့ဒဏ်ရာအခြေအနေကို စိုးရိမ်နေတဲ့ ပိုလန်

၅။ ချဲလ်ဆီးရဲ့ ချိတ်ဆက်မှုတွေခံခဲ့ရပြီးနောက် မန်စီးတီးမှာ ပျော်ရွှင်နေတယ်လို့ တုံ့ပြန်လာတဲ့ အယ်လ်ဗာရက်ဇ်

အနုပညာသတင်းများ

၁။ ‘Miss Grand International ကို မြန်မာနိုင်ငံမှာ အိမ်ရှင် အဖြစ် မကျင်းပနိုင်လို့ သဲသဲ အတွက် နည်းနည်း စိတ်ပူ မိတယ်’ လို့ ပြောလာတဲ့ Sara Su

၂။ ‘သမီးလေး ရလာတဲ့ အချိန်မှာ အရမ်း ပြောင်းလဲသွားတယ်’ လို့ ပြောလာတဲ့ သူထူးစံ

၃။ ငွေရှိတဲ့ဒဏ်မခံနိုင်လို မူးယစ်ဆေးသားကောင်ဖြစ်ခဲ့လို ပျက်ခဲ့ရတဲ့ဘဝကို (၁) က ပြန်စနေတယ်ဆိုတဲ့ ဟာသသရုပ်ဆောင် လန်ဒန်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနှင့် မြောက်ကိုးရီးယား ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အကြိုပြိုင်ပွဲ ဒုတိယ အကျော့ အဖြစ် ယနေ့ ယှဉ်ပြိုင်ဖို့ရှိ
Next post တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ အားကောင်းစေရေး အတွက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့သို့ ကင်းလှည့်ရေယာဉ် (၆) စီး ပေးအပ်