နေပြည်တော်လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ဆင်နွှဲကြမဲ့ ကိုရီးယား K-pop အနုပညာရှင်ပထမအဖွဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာ

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယမှာ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ဖို့နဲ့ ပြည်သူတွေကို ဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ဆင်နွှဲကြမဲ့ ကိုရီးယား K-pop အနုပညာရှင် ပထမအဖွဲ့ဟာ မနေ့က ညပိုင်းမှာ ရန်ကုန်မြို့ကို ရောက်ရှိလာကြပါတယ်။

ရောက်ရှိလာတဲ့ ကိုရီးယား K-pop အနုပညာရှင် ပထမအဖွဲ့မှာ ရုပ်ရှင်/ ရုပ်သံဇာတ်လမ်းတွဲပေါင်း များစွာ ရိုက်ကူးထားတဲ့ သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်တွေ ဖြစ်တဲ့ Rejen၊ Henny နဲ့ 7 Kids Doll Group၊ Astel Dance Group နဲ့ DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးပါဝင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရောက်ရှိလာချိန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေနဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်(ရန်ကုန်)က ကိုရီးယား ဘာသာစကားသင်ယူနေကြတဲ့ ကျောင်းသား ကျောင်းသူတွေက နှစ်နိုင်ငံအလံတွေ ဝှေ့ယမ်း ကြိုဆိုခဲ့ကြပါတယ်။

ကိုရီးယားအနုပညာရှင်အဖွဲ့ဟာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က President Hotel မှာ တည်းခိုကြပြီး ဒီနေ့ ဧပြီ ၁၀ ရက်မှာ နေပြည်တော်ကို သွားရောက်ကြမှာဖြစ်သလို၊ ကိုရီးယား K-pop အနုပညာရှင်ငါးဦးပါအဖွဲ့ဟာ မနက်ဖြန် ဧပြီ ၁၁ ရက်၊ ၁၉ ဦးပါအဖွဲ့ဟာ ဧပြီ ၁၄ ရက်မှာ အသီးသီးထပ်မံရောက်ရှိကြမှာဖြစ်သလို ဧပြီ ၁၂ ရက်ညမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက တင်ဆက်မဲ့ Friday Night Live Show မှာ ကိုရီးယားနာမည်ကျော် တေးသံရှင်တွေ ပါဝင်ဖျော်ဖြေကြမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post နစကဉက္ကဋ္ဌ ထံ ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစား စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ