(၈-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၈-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ဗိဿနိုးပျူမြိုတော်ဟောင်းအတွင်း၌ ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

၂။ ညွှန်ကြားချက်များကို မလိုက်နာသည့် Money Changer License ရ ကုမ္ပဏီ(၆)ခုကို လိုင်စင်ရုတ်သိမ်းကြောင်း ဗဟိုဘဏ်ထုတ်ပြန်

၃။ ယခုနှစ် အင်းလေး‌ရေပေါ်သင်္ကြန်ကို အင်းလေးရေလယ်ဧည့်ခန်းမတွင် စည်ကားစွာ ကျင်းပမည်

၄။ မဟာဗန္ဓုလလမ်း နှင့် ဆူးလေဘုရားလမ်းတိုကို ဧပြီလ ၁၃ ရက်မှ ၁၆ ရက်ထိ ခေတ္တ လမ်းပိတ်ထားမည်

၅။ သင်္ကြန်ကာလအတွင်း CNG အရောင်းဆိုင်များကို ပုံမှန်အတိုင်းဖွင့်လှစ်ထားမည်

၆။ ချောက်မြိုတွင် လွန်ခဲ့သည့်နှစ်ပေါင်း(၅၆)နှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန်စံချိန်ဟောင်းထက် ပိုမိုမြင့်မားသည့် အပူချိန်စံချိန်သစ်ဖြစ်ပေါ်

၇။ ရှားတောအကြမ်းဖက်စခန်းကို တပ်မတော်ရှင်းလင်း

၈။ ဧပြီလ ၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၇,၁၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၉၅ ကျပ်၊ Octane 95 – ၂၉၀၅ ကျပ်၊ Diesel – ၂၄၀၀ ကျပ်၊ Premium Diesel – ၂၄၄၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အစ္စရေးဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် ဟားမာ့စ်အဖွဲကို ဖိအားပေးရန် အီဂျစ်နှင့် ကာတာခေါင်းဆောင်များကို ဘိုင်ဒင် တိုက်တွန်း

၂။ အမေရိကန်နှင့် တရုတ်စစ်တပ်အကြား နှစ်နှစ်နီးပါး ရပ်ဆိုင်းနေသည့် စစ်ဘက်ဆိုင်ရာဆွေးနွေးမှုများ ပြန်လည်စတင်

၃။ သံရုံးဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်ပြီး မက္ကဆီကိုက အီကွေဒေါနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်

၄။ ရုရှားနိုင်ငံမှာ ရေကာတာကျိုးပျက်ခဲ့ပြီးနောက် ဖြစ်လာခဲ့တဲ့ရေကြီးမှုများကြောင့် လူပေါင်း ၄၅ဝဝ ကို ဘေးလွတ်ရာ သို ရွှေ့ပြောင်း

၅။ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ ယူကရိန်း ပြတ်လုနီးပါးဖြစ်နေ

၆။ ထိုင်းမှာကွန်ဒိုဝယ်ယူသူများတွင် တရုတ်နိုင်ငံသားများကခြောက်နှစ်ဆက်တိုက် အများဆုံးဖြစ်

အားကစားသတင်းများ

၁။ အသင်းဖော်ဟောင်း ဆွန်ဟောင်မင်ထံ အထူးသတင်းစကားပါးလိုက်တဲ့ ဘိုင်ယန်မြူးနစ်စတား ဟယ်ရီကိန်း

၂။ အခွင့်အရေးကောင်းလွဲချော်မှုများနဲ့အတူ အမှတ်ပေးဇယားဦးဆောင်သူနေရာ စွန့်လွှတ်လိုက်ရတဲ့ လီဗာပူး

၃။ ဂွါဒီယိုလာက သူနဲ့ ဖိုဒန်တို့ကို ဘယ်လိုနေရာချပြီး အသုံးပြုနေသလဲဆိုတာ ရှင်းပြလာတဲ့ ဒီဘရိုင်း

၄။ လန်ဒန်မြေမှာ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အထိ ရာထူးနေရာအာမခံချက်ရှိနေတဲ့ တူချယ်

၅။ ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်ရယူဖို့ အမှားလုံးဝလုပ်လို့မရဘူးလို့ အခိုင်အမာဆိုလာတဲ့ ဂွါဒီယိုလာ

အနုပညာသတင်းများ

၁။ တစ်ယောက်ကို ဝင်ကြေး ကျပ် ၁ သိန်းနဲ့ ဧပြီ ၁၀ ရက်မှာ ချစ်ပရိသတ်တွေနဲ့အတူ ကျင်းပမဲ့ Sai Sai Birthday Show

၂။ လူတွေက ကိုယ့်ကိုမြင်ရင် အဆင်ပြေတယ်ထင်ကြတာကို ကျေနပ်လို အခက်အခဲတွေ ထုတ်မပြဘူးဆိုတဲ့ စိုးမြတ်သူဇာ

၃။ Twilight မင်းသား ရောဘက်စ်ပက်တာဆန်ရဲ့ရင်သွေးပုံ ပထမဆုံး ထွက်ရှိလာ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒေါက်တာငွေတီဦးကို REVIVAL ROSE မှ Ambassador ခန့်အပ်
Next post (၈-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ