(၃-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ဗိုလ်ချုပ်မှူးကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်တို တွေ့ဆုံ၍ နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုများ ဆွေးနွေး

၂။ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) တွင် တက်ရောက်တာဝန်ထမ်းဆောင်မည့်သူများ ဒေသအသီးသီးရှိ သင်တန်းကျောင်းများသို ရောက်ရှိနေ

၃။ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ တရုတ်နိုင်ငံသား (၃၅၂) ဦး၊ မြန်မာနိုင်ငံသား (၄၈၆) ဦးတိုအား ဖော်ထုတ်ဖမ်းဆီးရမိ

၄။ ကလောဒေသရှိ ဟိုတယ်များအားလုံး အခန်းမှာယူမှု ပြည့်သွားပြီဖြစ်ဟုဆို

၅။ သင်္ကြန်ကာလတွင် လာရောက်လည်ပတ်မည့်သူ များပြားသဖြင့် ချောင်းသာကမ်းခြေရှိ ဟိုတယ်အားလုံး ပြည့်လုနီးပါးဖြစ်နေပြီဟုဆို

၆။ စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကြုံးဝင်သူတွေကို ခေါ်ယူဖို တတိယအကြိမ် ညှိနှိင်းအစည်းအဝေးပြုလုပ်

၇။ သံဃာတော် (၂) ပါးကို ဒလန်ဟုစွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်မှု ရွှေဘိုမြို့နယ် နှင့် နတ်မောက်မြို့နယ်တို့တွင်ဖြစ်ပွား

၈။ ဧပြီလ ၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၈၆၉,၁၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၉၅ ကျပ်၊ Octane 95 – ၂၉၁၅ ကျပ်၊ Diesel – ၂၄၀၀ ကျပ်၊ Premium Diesel – ၂၄၄၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလေကြောင်းတိုက်ခိုက်ခဲ့ပြီး အကြီးတန်းတပ်မှူး သုံးဦးအပါအဝင် ခုနစ်ဦး သေဆုံး

၂။ မြောက်ကိုရီးယားက တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ယနေ့ပစ်လွှတ်

၃။ အိန္ဒိယမှာ ဧပြီကနေ ဇွန်လအတွင်း အပူလှိင်းများကျနိုင်ပြီး ကုန်ဈေးနှုန်းနဲ့ ရွေးကောက်ပွဲအပေါ် သက်ရောက်လာနိုင်

၄။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အင်ဒိုနီးရှားသမ္မတအဖြစ် ရွေးချယ်ခံရသူ ပရာဘိုဝိုတို ဘေဂျင်းမှာ တွေ့ဆုံ

၅။ ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေး အဆင့်မြင့်အင်ဂျင်နီယာတွေ မွေးထုတ်နိုင်ဖိုအတွက် လူသားရင်းမြစ်သင်တန်း တွေ ဗီယက်နမ်ဖွင့်လှစ်

၆။ တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု‌တွေ ယနေ့စတင်ပြုလုပ်

အားကစားသတင်းများ

၁။ အကြမ်းဖက်မှု ဖြစ်လာနိုင်သဖြင့် လုံခြုံရေးတိုးမြှင့်ရန် ပရီးမီးယားလိဂ် တာဝန်ရှိသူများ တိုက်တွန်း

၂။ မန်စီးတီးနဲ့ အာဆင်နယ်တို့ သရေကျခဲ့ပြီးနောက် ချန်ပီယံဆုအတွက် ခန့်မှန်းလိုက်တဲ့ စူပါကွန်ပျူတာ

၃။ မန်စီးတီးအသင်း ဖလားသုံးလုံးချန်ပီယံဖြစ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ Documentaryကို Netflixမှာ ကြည့်လို့ရပြီဖြစ်ပြီး အပိုင်း၆ပိုင်းပါဝင်မယ်လို့ သိရ

၄။ ဆွန်ဟောင်မင်ကို ခေါင်းဆောင်ပီသသူ တစ်ဦးလို့ ချီးကျူးဂုဏ်ပြုလိုက်တဲ့ ပိုစတီကိုဂလူ

၅။ ဆောက်သမ်တန် အားကစားဒါရိုက်တာကို ခေါ်ယူရန် မန်ယူအသင်း တရားဝင်ကမ်းလှမ်း

အနုပညာသတင်းများ

၁။ Oppo နဲ့အတူ ရေသန့်ရေတွင်းလှူခွင့်ရနေတာ အရမ်းဝမ်းသာတယ်ဆိုတဲ့ ပိုင်တံခွန်

၂။ မြန်မာ့ရိုးရာသင်္ကြန်သီချင်းလေးတစ်ပုဒ်ကို တန်ဖိုးထားပြီး ဖန်တီးထားတယ်ဆိုတဲ့ ဟိန်းသူအောင်

၃။ တွဲနေကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားပြီး သီတင်းပတ် ငါးပတ်အကြာမှာ လမ်းခွဲလိုက်ကြပြီဆိုတဲ့ မင်းသား လီဂျယ်ဝုနဲ့ ကယ်ရီနာ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၃-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ