(၂-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါသည်။

ပြည်တွင်းသတင်းများ

၁။ စလင်း၊ ကြူဝန်းရွာအနီး Mig 29 တိုက်လေယာဥ်တစ်စီးပျက်ကျသော်လည်း လေယာဉ်မှူးများ လေထီးဖြင့် ခုန်ထွက်နိုင်၍ ရှင်သန်လွတ်မြောက်

၂။ လက်ရှိအခြေအနေအရ ရခိုင်တွင် စာစစ်ဌာန ၆၉ ခု ကျင်းပမည်

၃။ အပြစ်မဲ့သော ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ဌာနမှူး (၂)ဦးအား ထားဝယ် PDF များ ဖမ်းဆီးထားမှု ချက်ခြင်းပြန်လွှတ်ပေးဖို့ ဗမာ့လူငယ်ကွန်ရက် တောင်းဆို

၄။ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ရရှိစေရေးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI)ထုတ်ပေးမယ်

၅။ ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘော မီးလောင်မှု နှစ်ဦးသေဆုံး

၆။ လက်နက်တွေနဲ့ အလင်းဝင်လာတဲ့ PDF အဖွဲဝင် ၁၂ ဦးကို ဆုကြေးငွေ ကျပ်သိန်း ၃၀၀ ကျော် ချီးမြှင့်

၇။ KIA နှင့် PDF များ ဖမ်းဆီးသွားသည့် ရှမ်းနီရိုးရာယဥ်ကျေးမှုအဖွဲ့အတွင်းရေးမှူးကို အမြန်လွှတ်ပေးရန်နှင့် ရိုးသားအေးဆေးသူကို ဖမ်းဆီးမှု ရှုတ်ချဟု ကြေညာ

၈။ မတ်လ ၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၆၇၉,၉၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၁၅ ကျပ်၊ Octane 95 – ၂၈၃၅ ကျပ်၊ Diesel – ၂၄၈၅ ကျပ်၊ Premium Diesel – ၂၅၂၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ လက်နက်များအတွက် ယူကရိန်းသို့ ဒေါ်လာ ၁၈ သန်းပေးရန် ဟန်ဂေရီ ငြင်းဆို၊ ၎င်းအစား ချဒ်ကို ပေးပို့

၂။ အမေဇုန်တောထဲမှ ကမ္ဘာ့အကြီးဆုံး ဧရာမမြွေအန်နာကွန်ဒါရဲ့ မျိုးစိတ်သစ် ထပ်မံတွေ့ရှိ

၃။ အိန္ဒိယ၏မီဒီယာကြီးအဖြစ်ဖန်တီးရန် ဒေါ်လာ ၈.၅ ဘီလီယံ ပေါင်းစည်းဖက်စပ်ကြောင်း ကြေညာလိုက်သည့် ရီလိုင်းရန့်စ်နှင့်ဒစ္စနေး

၄။ ဂါဇာမှာ ပါလက်စတိုင်းသေဆုံးသူဦးရေ သုံးသောင်းကျော်ပြီ

၅။ အိမ်ခြံမြေဆိုင်ရာစည်မျဉ်းများ တရုတ်(ဟောင်ကောင်)ပယ်ဖျက်

၆။ ဂျပန်က ဆူနာမီဒဏ်သင့် နျူကလီးယားဓါတ်ပေါင်းဖိုအတွင်းကို ဒရုန်းအသေးစားတွေနဲ့ စက်ရုပ်မြွေလွှတ်ကာ လေ့လာ

အားကစားသတင်းများ

၁။ ACLဒဏ်ရာခွဲစိတ်မှုအပြီး ပရိသတ်တွေအတွက် မက်ဆေ့ခ်ျတစ်စောင့် ပေးပို့လိုက်တဲ့ နေမာ

၂။ ယူနိုက်တက်၊ လီဗာပူးနဲ့ ဘာစီလိုနာတို့ရဲ့ပစ်မှတ် အင်ဇာဂီက အင်တာမီလန်မှာပဲ ဆက်ရှိနေမယ်လို့ဆိုလာတဲ့ မာရော့တာ

၃။ 2024 London Football Awards မှာ တစ်နှစ်တာအကောင်းဆုံး နည်းပြဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ပိုစတီကိုဂလူ

၄။ ဆေးသုံးစွဲမှုကြောင့် ဘောလုံးလောကကနေ ၄ နှစ်ပိတ်ပင်ခံလိုက်ရတဲ့ ပေါလ်ပေါ့ဂ်ဘာ

၅။ ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လာခဲ့တဲ့ ယူနိုက်တက်ကြယ်ပွင့် ရက်ရှ်ဖို့ဒ်

အနုပညာသတင်းများ

၁။ အချစ်ရေး လျှို့ဝှက်ချက်တွေ နဲ့ Hidden Talent တွေ ထုတ်ပြောလာတဲ့ သဇင်ထူးမြင့်

၂။ ပရိသတ်မသိတဲ့ နေရာမှာ ချစ်သူနဲ့ အင်္ကျီဆင်တူ ဝတ်ပြီး Date ချင်တယ် ဆိုတဲ့ ညိမ်းသော်

၃။ တေလာဆွစ်အကြောင်း ပိုချတဲ့သင်တန်းကို ဖိလစ်ပိုင်က ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ ဖွင့်လှစ် သင်ကြား

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရဲအယောင်ဆောင်ကာ ဓားပြတိုက်နေသည့် မြို့နယ် ရွေး/ကော် ဒုဦးစီးမှူး ခေါင်းဆောင်သည့် အဖွဲ့အား ဖမ်းမိ
Next post (၂.၃.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ