ကိုနိုင်ဖြိုးကျော်နဲ့ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ရဲ့ စုလျားရစ်ပတ် မင်္ဂလာပွဲ ယနေ့ ကျင်းပ

ကိုနိုင်ဖြိုးကျော်နဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ရဲ့ စုလျားရစ်ပတ်မင်္ဂလာပွဲကို ဒီနေ့ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel မှာ ကျင်းပခဲ့ပြီး အနုပညာရှင်တွေနဲ့ မိတ်ဆွေတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ထပ်ဆင့်အကယ်ဒမီဝတ်မှုံရွှေရည်နဲ့ ကိုနိုင်ဖြိုးကျော်တို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးကိုလည်း ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က တရုတ်ပြည် လီကျန်းမြို့ ကလေးပေါ်က Jade Dragon Snow Mountain ရေခဲတောင်ပေါ်မှာလည်း လက်ထပ်မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။

ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်နဲ့ ကိုနိုင်ဖြိုးကျော်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာဦးအလှူအနေနဲ့  ဒီဇင်ဘာ ၁၇ ရက်က နှင်းဆီကုန်းဘိုးဘွားရိပ်သာက အဘိုးအဘွားတွေအတွက် တစ်သက်တာ ဆွမ်းပဒေသာပင်၊ စိတ်ကျန်းမာရေးဆေးရုံက စိတ်ဝေဒနာရှင်တွေအတွက် တစ်သက်တာ အာဟာရအလှူ၊ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာက ကလေးငယ်‌တွေအတွက် Diaper ၊ နို့မှုန့် အစရှိတဲ့ လှူဖွယ်ပစ္စည်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို) က စက်အဖွဲ့သားတွေ၊ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေအတွက်လည်း ဆန်၊ ဆီ အစရှိတာတွေကို လှူဒါန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယခုနှစ်အတွင်း ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်သို့ မြန်မာပြည်တွင်း ခရီးသွား တစ်သောင်းကျော် သွားရောက်
Next post ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ် ၉၇ ဦးကို ပဏာမ ရွေးချယ်