မင်းသမီး ဒိုင်ယာနာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို လေလံပွဲတွင် စံချိန်တင် ရောင်းချ

ကွယ်လွန်သူ မင်းသမီး ဒိုင်ယာနာ ဝတ်ဆင်ခဲ့တဲ့ ညနေခင်းဝတ်စုံတစ်စုံကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းနဲ့ ရောင်းချခဲ့ပြီး ခန့်မှန်းချေတန်ဖိုးထက် ၁၁ ဆကျော် စံချိန်တင်ဈေးနဲ့ ရောင်းချနိုင်ခဲ့တာဖြစ်တယ်လို့ လော့အိန်ဂျလိစ့် အခြေစိုက် Julien’s Auctions က ပြောကြားခဲ့ပါတယ်။

မော်ရိုကို-ဗြိတိသျှ ဖက်ရှင်ဒီဇိုင်နာ Jacques Azagury က တီထွင်ချုပ်လုပ်ပေးခဲ့တဲ့ အနက်ရောင်နဲ့ အပြာရောင် ဘဲလေးလက်ရှည် ကတ္တီပါညနေဝတ်စုံကို မင်းသမီး ဒိုင်ယာနာက ၁၉၈၅ ခုနှစ် ဧပြီလမှာ ဖလောရန့်စ်မြို့တော်ဝန်က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမှာ ဝတ်ဆင်ခဲ့သလို တစ်နှစ်အကြာ ဗန်ကူးဗားကို အလည်အပတ်သွားရောက်ရာမှာလည်း ဝတ်ဆင်ခဲ့ပါတယ်။

လိုက်ဖက်တဲ့ သရုပ်ဖော်ပုံတွေနဲ့အတူ ဒီဝတ်စုံကို အမေရိကန်ဒေါ်လာ ၁,၁၄၈,၀၈၀ (ပေါင် ၉၀၇,၀၀၀) နဲ့ ရောင်းချခဲ့တယ်လို့ Julien’s Auctions က ပြောကြားခဲ့ပြီး ပွဲမစခင်က လေလံဈေးကို ဒေါ်လာ တစ်သိန်းနဲ့ နှစ်သိန်းကြားရရှိဖို့ ခန့်မှန်းခဲ့တာလို့ ဆိုပါတယ်။

အခုလေလံပွဲမှာ ရောင်းချခဲ့တဲ့ ဝတ်စုံဟာ မင်းသမီး ဒိုင်ယာနာရဲ့ တန်ဖိုးအကြီးဆုံး ဝတ်စုံအတွက် ကမ္ဘာ့စံချိန်သစ်ကို ရယူ နိုင်ခဲ့ပြီး အရင်စံချိန်တင်လေလံဈေးဟာ ဒေါ်လာ ၆၀၄,၈၀၀ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “လူငယ်နှင့်စာပေအနုပညာပွဲတော်” ဖွင့်ပွဲအား တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်
Next post ယခုနှစ်အတွင်း ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်သို့ မြန်မာပြည်တွင်း ခရီးသွား တစ်သောင်းကျော် သွားရောက်