စိန်နန်းတော် စိန်ရွှေရတနာဆိုင်ရဲ့Terminal M ဆိုင်သစ် ဖွင့်ပွဲ ကျင်းပ

စိန်နန်းတော် စိန်ရွှေရတနာဆိုင်ရဲ့ Terminal M ဆိုင်သစ်ဖွင့်ပွဲကို ဒီဇင်ဘာလ 9 ရက်နေ့နဲ့ 10 ရက် နှစ်ရက်တိုင်တိုင် Terminal M Shopping Mall မင်္ဂလာဒုံမှာ ကျင်းပသွားမှာဖြစ်ပြီး ပထမနေ့မှာတော့ အနုပညာရှင်များဖြစ်တဲ့အောင်‌ရေချမ်း၊ထွန်းကိုကို၊ချမ်းမင်းရဲထွဋ်၊ညိမ်းသော်တို့ တက်ရောက်ခဲ့ကြတဲ့ ပုံရိပ်များကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

ဆိုင်ဖွင့်ပွဲ အထူးအစီအစဉ် အနေဖြင့် (၁၀)သိန်းကျပ်ဖိုးဝယ်ယူအားပေးတာနဲ့ ရွှေခေါင်းစီးကွင်း လက်ဆောင် ရရှိမှာဖြစ်ပြီး သိန်း (၁၀၀)ကျပ်ဖိုးဝယ်ယူအားပေးပါက နိုင်ငံကျော်အနုပညာရှင်တွေနဲ့ အတူ Dinner ညစာ စားသုံးခွင့်ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် စိန်ထည် နဲ့ White Gold (ရွှေဖြူ)ထည်တွေကိုအလဲ ၀%ဖြင့် ဝန်ဆောင်မှူပေးသွားပါမည်။ ပွဲ (၂)ရက်အတွင်း လာရောက်အားပေးသော Customers များကို ငွေသား (၁၀)သိန်းကျပ် ၁၀ ဆုကြီး စုစုပေါင်း ငွေသား သိန်း (၁၀၀)ကျပ်တိတိ ကို မဲဖောက်ပေးသွားမှာဖြစ်ပါသည်။ နှစ်ထပ်ကွမ်းကံစမ်းမဲ အနေဖြင့် ငွေသားသိန်း(၅၀၀)ကျပ်ဆုကြီးကို လည်း ထပ်ဆင့် ကံထူးခွင့်ပေးအပ်သွားမှာပဲဖြစ်လို့ စိန်နန်းတော် ရဲ့ စိန်ရွှေရတနာ Design အသစ်တွေကို အတန်ဆုံးနဲ့ရောင်းပေးမှာမို့ ရတနာချစ်သူများကို လာရောက်အားပေးဖို့ အတွက် စိန်နန်းတော်ဖေ့စ်က ဖိတ်ခေါ်ထားကြောင်း သိရှိရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စစ်မှုထမ်းကြတော့မယ့် BTS အဖွဲ့ဝင်များ
Next post ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးပယ်စောက်ချိန် နှင့်သားအပါအဝင် ကိုးကန့် မိသားစု (၃) ခုကို တရုတ်က ဖမ်းဝရမ်းထုတ်