Peacemaker Season 2 အတွက် ဇာတ်လမ်းရေးသားနေပြီ ဖြစ်

၂၀၂၂ က ထွက်ရှိခဲ့တဲ့ သရုပ်ဆောင် John Cena ရဲ့ DC ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Peacemaker ဟာ DC ပရိသတ် တွေရဲ့အကြိုက်တွေ့မှုကိုရရှိခဲ့သလို စူပါဟီးရိုးပရိသတ်တွေကြားမှာလည်း အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

အပိုင်း ၈ ပိုင်းပါဝင်တဲ့ Peacemaker ဟာ ၂၀၂၁ ထုတ် DC ရုပ်ရှင် The Suicide Squad ရဲ့ spin-off ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး The Suicide Squad ဒါရိုက်တာ James Gunn ကပဲ တာဝန်ယူရိုက်ကူးပေးထားတာဖြစ်ပါတယ်။

Peacemaker Season 2 နဲ့ ပတ်သက်ပြီး အသေးစိတ်အ​ကြောင်းအရာတွေကိုတော့ မသိရသေးပေမယ့်လည်း ဒါရိုက်တာ James Gunn ကတော့ Peacemaker Season 2 အတွက် ဇာတ်လမ်းရေးသားနေပြီဖြစ်ကြောင်း တရားဝင်အတည်ပြု လာခဲ့ပြီဖြစ်ပါတယ်။ James Gunn ဟာ DC Studios သစ်ရဲ့ ပူးတွဲစီအီးအိုတစ်ဦးလည်းဖြစ်သလို ၎င်းရဲ့ပရောဂျက်တွေ ဖြစ်တဲ့ Peacemaker Season 2, Creature Commandos Animated ဇာတ်လမ်းတွဲနဲ့ Superman: Legacy ရုပ်ရှင် အတွက် ပြင်ဆင်နေလျက်ရှိပါတယ်။

Peacemaker ဟာ DC ရဲ့ anti-hero ဇာတ်ကောင် Peacemaker ကို ရိုက်ကူးထားကာ ယခင် DCEU နဲ့ ချိတ်ဆက် နေပေမယ့်လည်း ယခု DC Studios ရဲ့ DC Universe အသစ်ထဲမှာ ဖြစ်ပျက်သွားတော့မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစက ဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းအစိုးရ ဖိတ်ကြား
Next post SO ကိုယ်ပိုင်သံစဉ် တေးရေး၊ တေးဆိုတေးသီချင်း ပြိုင်ပွဲကြီး အတွက်Top Finalist များအား မိတ်ဆက်ပွဲ ပြုလုပ်