မိသားစုအလှူလေးပ လာရောက်အားပေးကြဖို့ ဖိတ်ခေါ် လိုက်သော သရုပ်ဆောင် ပိုးကြာဖြူခင်

မင်္ဂလာ DBN ပရိသတ်ကြီးတို့ရေ……MRTV- 4 မင်းသမီးလေး သရုပ်ဆောင် ပိုးကြာဖြူခင်ဟာ ယခုအခါမှာလည်း သူရဲ့ မိသားစုအလှူလေးအဖြစ် သူတို့မိသားစုပိုင်ဆိုင်သော PK Tun ရတနာရွှေဆိုင်က ပြုလုပ်သော အလှူလေးကို လာရောက် သုံးဆောင်ဖို့ ပရိတ်သတ်ကြီးကို လူမှုကွန်ရက်ကနေ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

“ရတနာ PK Htun မိသားစု ရဲ့ နေ့လည် စာ ထမင်းဟင်း ဝက်သား အချိန် ၁၀၀ ၊ ကြက်သား အချိန် ၅၀ နဲ့ အရံဟင်း အတို့အမြှုတ်အစုံ စတုဒီသာ အလှူကြီးကို လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့ တနင်္ဂနွေ နေ့ မနက် ၉ နာရီ မှ နေ့လည် ၁၁ နာရီ ခွဲအထိ မန္တလေးမြို့ ၆၆ လမ်း နှင့် ၁၀၉ လမ်းထောင့်ရှိ ရတနာ Pk Htun ရတနာ ဆိုင်ရှေ့တွင် ကျွေးမွေးလှူဒါန်းမှာ ဖြစ်လို့ အမြို့အမြို့အနယ်နယ်မှ ချစ်ရတဲ့ ကျေးဇူးရှင် customer များ ပရိတ်သတ်များ အားလုံးကိုကြွရောက်အားပေး သုံးဆောင် ကြပါရန် မေတ္တာရှေ့ထားပြီး ဖိတ်ကြားအပ်ပါတယ်ရှင်”

အထူးအစီအစဉ်အနေနဲ့ အလှူနေ့ 10.9.2023 တနင်္ဂနွေနေ့ တွင် ကျမတို့ဆိုင်မှာ လာရောက် ဝယ်ယူအားပေးကြသော ချစ် ကာစတန်မာများ အတွက် နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီ အတွင်း စိန်ထည်ကျောက်ထည် ထဲက ကြိုက်တာ ဝယ် အရင်းသာသာ စျေးနဲ့ 🤩 7% discount ချ ရောင်း ပေးမည့်အပြင် အလဲ 0% အရောင်း 8% 🤩 ဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ် ဒါ့အပြင် ဝယ်ယူသူအားလုံးကိုလဲ မေတ္တာလက်ဆောင်များ ပေးအပ်သွားမည့်အပြင် အစားအသောက်များနှင့်လဲ ဧည့်ခံကျွေးမွေးသွားမှာဖြစ်လို့ ဒီအခွင့်အရေး ကြီးကို လက်လွတ်မခံနဲ့နော် 🤩 ဟု ရေးသား ဖော်ပြထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ် လူငယ်သီတင်းပတ် ဖွင့်ပွဲ ကျင်းပ
Next post နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှုကြုံတွေ့