မြင်းခြံမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေ ဝင်ရောက်သော နေအိမ်များ ရွှေ့ပြောင်း

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ယနေ့နံနက်အစောပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်ရှိ ပြောင်းပြာချောင်း ဘေးတလျောက်ရှိ နေအိမ်များ မိုးရေဝင်ရောက်သောကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။

“ပြောင်းပြာချောင်းဘေးရှိ နေအိမ်များမှာ မြစ်ရေတက်မှုကြောင့် မြစ်ရေများ ဝင်ရောက် နေခြင်း အပြင် ယနေ့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေများ ဝင်ရောက်လျက်ရှိပြီး မိမိတို့ ဆွေမျိုးများထံ သွားရောက်နေထိုင်ကြပြီး၊ အရေးပေါ် အိမ်ထောင်စု (၁၃) စုကိုတော့ ဘေးလွတ် ရာသို့ ခေတ္တ ပြောင်းရွှေ့ထားပါတယ်” ဟု မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်က ပြောသည်။

မြင်းခြံမြို့နယ်အနေဖြင့် နံနက် (၉:၃၀) နာရီအချိန် တိုင်းထွာချက်အရ မိုးရေချိန် (၃.၃၉) လက်မ ရှိကြောင်း မြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။ ကျော်စွာ(မြင်းခြံ)

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့ရိုးရာဓားပညာရှင် ကိုသန့်ဇင်မောင်၏ ဒုတိယအကြိမ်ဓားအရောင်းပြပွဲကို ယနေ့စတင်ကျင်းပ
Next post ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ် လူငယ်သီတင်းပတ် ဖွင့်ပွဲ ကျင်းပ