ယာဉ်မောင်းလိုင်စင်အမြန်လုပ်ရာ၌ အတုများ သတိပြုသင့် ဟုဆို

ရန်ကုန်တိုင်းအတွင်း ယာဉ်မောင်းလိုင်စင် အမြန်လုပ်ဆောင်ရာ၌ လိုင်စင်အတု များ ရောပါလာနိုင်ကြောင်း ကညနနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။ ယာဉ်မောင်းလိုင်စင်အသစ် လုပ်ဆောင်ရာ၌ အွန်လိုင်းဘိုကင်ရရှိပါက စာတွေ့ စာမေးပွဲဖြေချိန်နှင့် လက်တွေ့ စမ်းသပ်မောင်းနှင်ချိန်အပါအဝင် လိုင်စင်ရရှိချိန် အထိ အများဆုံး ၃ ရက်သာကြာမြင့်ပြီး အွန်လိုင်းဘိုကင်ရရှိရန် စောင့်ဆိုင်းရ ချိန်သာ အနည်းငယ်ကြာမြင့်ကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်မောင်းလိုင်စင်အသစ် လုပ်ဆောင်ရာ၌ ကိုယ်တိုင်လုပ်ဆောင် မည်ဆိုပါက အွန်လိုင်းဘိုကင်နှင့် စာတွေဖြေဆိုရာ၌ နှစ်သောင်းကျပ်၊ လက် တွေ့ဖြေဆိုရာ၌ လေးသောင်းကျပ်နှင့် အာမခံကြေး ငါးထောင့်ငါးရာ၊ စမတ် ကတ်ကြေး ငါးသောင်းနှင့် စာရွက်စာတန်းကြေး စုစုပေါင်း ငါးသောင်းခြောက် ထောင်ကျပ် ကုန်ကျမည်ဖြစ်ပြီး (ခ) လိုင်စင်ရရှိရန် ကိုယ်တိုင်လုပ်ဆောင်ပါက ကျပ်တစ်သိန်းခွဲဝန်းကျင်သာ ကုန်ကြနိုင်ကြောင်း ကိုယ်တိုင်လုပ် ဆောင်ခဲ့သူ တစ်ဦး၏ပြောပြချက်အရ သိရသည်။

“တစ်ချို့က အမြန်ရချင်ကြတာလေ ၂ ရက်၊ ၃ ရက်ကိုတောင် အချိန်မပေးနိုင် ဘူး။ ပွဲစားနဲ့လုပ်တယ်။ နှစ်သိန်းကျော်ပေးရတယ်။ ဘာထူးလို့လဲ စာတွေ့လည်း ကိုယ်တိုင်ဖြေရတာ။ လက်တွေ့လည်း ကိုယ်တိုင်ဖြေရတာ။ အဲ့တော့ ကိုယ်တိုင် လုပ်တာအကောင်းဆုံးပဲ။ အတုဖြစ်မှာလည်း မကြောက်ရတော့ဘူးလေ” ဟု ကညနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

(ခ) လိုင်စင်လုပ်ဆောင်ရာ၌ ဝန်ဆောင်မှုလုပ်ကိုင်သူများထံသို့ အပ်နှံပါက အွန် လိုင်းဘိုကင် ရယူချိန်မှစပြီး ကတ်ရသည့်အချိန်ထိ ဝန်ဆောင်ခ တစ်သိန်းရှစ် သောင်းကျပ်မှ နှစ်သိန်းတစ်သောင်းဝန်းကျင်အထိ ပေးဆောင်ရပြီး အချို့မှာ ဝန်ဆောင်ခများစွာပေးရပြီးမှ ကတ်အတုများရရှိသည့် ပြဿနာများလည်းရှိနေ ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင်နှင့်ပတ်သက်ပြီး Smart Card ပြုလုပ်ရန်လိုအပ်သော ဖ လင်နှင့်ဆေးပစ္စည်းများ ပြတ်လပ်နေသည့် အတွက် ကြန့်ကြာခြင်းများရှိနေပြီး ပိုင်ရှင်ကိုယ်တိုင်ပြုလုပ်သည့် ယာဉ်မောင်းလိုင်စင်များအား ဦးစားပေးသွား မည်ဖြစ်ပြီး သက်တမ်းကြိုတိုး၊ နယ်ဝင်၊ နယ်ထွက်၊ ပျောက်ဆုံး၊ ပျက်စီး၊ လိုင် စင်အဆင့်လျှော့ချကူးပြောင်းခြင်းများအတွက် ရုံးမှ သတ်မှတ်ပေးသည့်ရက် များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦး စီးဌာန၊ ခရိုင်ရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar အား လက်ခံတွေ့ဆုံ
Next post ယာဉ် မှန် / မမှန် စစ်ဆေးခြင်းကို Online Booking စနစ် ယနေ့ စတင်မည်