(၈-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၈-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု လျော့နည်းမှုအပေါ် နားလည်ခွင့်လွှတ်ပေးရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပန်ကြား

၂။ LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများတည်ဆောက်ရန် ကော်မရှင် ဖွဲစည်းထား

၃။ ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၃ သန်းခန့် ထပ်မံထုတ်ရောင်း

၄။ ကရင်ပြည်နယ် အစိုးရအဖွဲနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ဒေသခံပြည်သူများ စုပေါင်း၍ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲဝင်များအတွက် စားသောက်ကုန်ပစ္စည်းများ ပေးအပ်

၅။ သတင်းပေးတွေကို သတင်းပေးဆုကြေးငွေအဖြစ် ငွေကျပ် သန်းပေါင်း ၂၀၀ ကျော် ချီးမြှင့်ပေးတော့မယ်

၆။ ယခုလအတွက် ဆန်အမျိုးမျိုးနဲ့ပတ်သက်တဲ့ သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price) (ဆန် ရည်ညွှန်းစျေးနှုန်းများ) ထုတ်ပြန်

၇။ ပြည်သူတွေကို သတင်းအဆိပ်ခပ် ကျင့်ဝတ်ပျက်တဲ့မီဒီယာအမည်ခံ လေလှိင်းပေါ်က လူသတ်သမားများနှင့် ပတ်သက်၍ ဒီဇင်ဘာလအတွင်း စိစစ်တွေ့ရှိချက်များ

၈။ ဇန်နဝါရီလ ၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၃၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၈၅ ကျပ်၊ Octane 95 – ၃၀၉၅ ကျပ်၊ Diesel – ၂၆၁၅ ကျပ်၊ Premium Diesel – ၃၂၂၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ထိုင်း – မြန်မာနယ်စပ်မှာ ပျောက်ဆုံးခဲ့တဲ့ တရုတ်သရုပ်ဆောင်ကို မြန်မာဘက်ခြမ်းမှာ ပြန်လည်တွေ့ရှိခဲ့ပြီး ထိုင်းလူကုန်တားရဲချုပ်က ပြန်လည်ခေါ်ဆောင်ရန် သွားရောက်နေ

၂။ တရုတ်နိုင်ငံခြားရေးဝန်ကြီး အာဖရိကခရီးစဉ် စတင်

၃။ မြောက်ကိုရီးယားသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အသစ်ကို ဇန်နဝါရီ ၆ ရက်က စမ်းသပ်ပစ်ခတ်

၄။ BRICS အဖွဲဝင်နိုင်ငံအဖြစ် တရားဝင် ဖြစ်သွားခဲ့ပြီဖြစ်တဲ့ အင်ဒိုနီးရှား

၅။ ကာဒစ်တိုက်ခိုက်ရေးသမားတွေကို သုတ်သင်ပစ်ရမယ်လို တူရကီပြော

၆။ အယလ်ကိုဟောထုတ်ကုန်များတွင် သတိပေးချက်များ ဖော်ပြသင့်ဟု အမေရိကန်အစိုးရ ပြည်သူ့ကျန်းမာရေးပညာရှင် အကြီးအကဲ Surgeon General ပြော

အားကစားသတင်းများ

၁။ AFF Shopee Cup 2024-2025 အုပ်စု(A)တွင် ရှမ်းယူနိုက်တက်အသင်းနှင့် တီရန်ဂါနူး(မလေးရှား) အသင်းတို ယှဉ်ပြိုင်မည်

၂။ အသက် (၁၅)နှစ်အောက် လူငယ်ပြိုင်ပွဲအတွက် ထပ်တိုး ကစားသမားများကို အသက်နှင့်အထောက်အထား စိစစ်နေဟု ဆို

၃။ ဘာစီလိုနာတိုက်စစ်မှုးဟောင်း ကလွိက်ဗက်ကို အင်ဒိုအ သင်း နည်းပြချုပ်အဖြစ်ခန့်အပ်

၄။ PSG တိုက်စစ်မှူး ကိုလိုမူအာနီကို အငှားခေါ်ယူရန် မန်ယူနှင့် စပါးအသင်း အပြိုင်ကြိုးပမ်း

၅။ မိုဒရစ်က ဘောလုံးလောကအတွက် လက်ဆောင်တခုဖြစ်ဟု အန်စလော့တီ ချီးကျူး

အနုပညာသတင်းများ

၁။ ဆုတောင်းထားတဲ့အတိုင်း သမီးလေးရတာမို အရမ်းပျော်ပြီး ပီတိဖြစ်မိတယ်ဆိုတဲ့ ဗီဗာဟိန်း

၂။ မင်းသားကြီး ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးကမ္ပဏီ မိတ်ဆက်ပွဲ အခမ်းအနားကို အနုပညာရှင်များစွာ တက်ရောက်ခဲ့

၃။ Spiderman ဇာတ်ကားက အဓိကသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ဇန်ဒါရာနဲ့ တွမ်ဟော်လန်တို နှစ်သစ်မှာ စေ့စပ်ကြောင်းလမ်းခဲ့ကြလို သတင်းများထွက်ပေါ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၁-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေး အဖွဲ့များကို ဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌပြော