(၂၄-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၄-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဆွေးနွေးခဲ့
၂။ ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့် ဒေါ်လာ ထပ်မံထုတ်ရောင်း
၃။ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာသိုလှောင်ထားရှိ
၄။ မြန်မာ့အထည်ချုပ်ကို ယခင်ဝယ်ယူနေသည့်နိုင်ငံများအပြင် ပိုလန်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှုမြင့်တက်လာ
၅။ လက်နက်ကိုင်အဖွဲအစည်းများ ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များကို လုံခြုံရေးအထူးတင်းကျပ်ထားဟု တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒု-ဝန်ကြီးပြော
၆။ နိုင်ငံရေးပါတီတွေနဲ့ EAO တွေသွားရောက်လေ့လာခဲ့တဲ့ အိန္ဒိယနိုင်ငံ ဖက်ဒရယ်လေ့လာခရီးစဉ်မှာ ရလဒ်ကောင်းတွေများစွာ ရရှိခဲ့တယ်လို ဆို
၇။ ကလေးဝ-မော်လိုက်ကားလမ်းပေါ်ရှိ လမ်း နှင့် တံတား(၅)စင်းကျော်ကို PDF အဖွဲက ဖျက်ဆီး
၈။ နိုဝင်ဘာလ ၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၁၂,၀၈၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၅၅ ကျပ်၊ Octane 95 – ၃၁၅၀ ကျပ်၊ Diesel – ၂၆၂၀ ကျပ်၊ Premium Diesel – ၃၂၅၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ရုရှားက ဟိုက်ပါဆောနစ်ဒုံးကျည် ထုတ်သုံးလာ၍ နေတိုးနှင့် ယူကရိန်း အရေးပေါ်အစည်းအဝေးလုပ်မည်
၂။ အမေရိကန်အစိုးရက တရုတ်ကုမ္ပဏီ ၂၉ ခုအား အတင်းအဓမ္မခိုင်းစေမှုဖြင့် အမည်မည်းစာရင်းသွင်း
၃။ အစ္စရေးက လက်ဘနွန်နိုင်ငံမြိုတော် ဘေရွတ်မြို၏ မြိုလယ်အား လေကြောင်းတိုက်ခိုက်မှုပြုလုပ်
၄။ ဒေါ်လာ ၈၃ ဘီလျံတန်ကြေးရှိ ရွှေသိုက်ကြီးကို တရုတ်နိုင်ငံအလယ်ပိုင်းမှာ တွေ့ရှိ
၅။ အိန္ဒိယတပ်မတော်အတွက် V-BAT ဒရုန်းတွေ အမေရိကန် Shield AI ကုမ္ပဏီနဲ့ အိန္ဒိယ JSW Group ပူးပေါင်း ထုတ်လုပ်မည်
၆။ အမေရိကန်အစိုးရသည် ဖက်ဆစ်အစိုးရဖြစ်လာနေကြောင်း နာမည်ကြီးဂျာနယ်လစ် တက်ကာကာလ်ဆန် ဝေဖန်
အားကစားသတင်းများ
၁။ အာဆီယံေ-သနတ်ပစ်ပြိုင်ပွဲတွင် နိုင်ငံအလိုက် တတိယဆုရရှိခဲ့သည့် မြန်မာ့တပ်မတော်ေ-သနတ်ပစ်အသင်း
၂။ ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “ခေတ် (၆)ခေတ်” ယိမ်းအကဖြင့် တင်ဆက်ဖျော်ဖြေမည်
၃။ ကရင်ပြည်နယ် အားကစားအဖွဲများထံ ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့် ငွေကျပ်သိန်း (၂၀၀) ထောက်ပံ့ပေးအပ်
၄။ ဘိုင်ယန် မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ဘွန်ဒက်လီဂါသမိုင်းမှာ ပွဲအနည်းဆုံးနဲ့ ဂိုး ၅၀ ပြည့်တဲ့ ကစားသမားအဖြစ်မှတ်တမ်းဝင်
၅။ အင်တာမိုင်ယာမီ အသင်းဟာ ၎င်းတို နည်းပြသစ်ကိုလာမယ့် ရက်ပိုင်းအတွင်း ကြေညာသွားမယ်လို သိရ
အနုပညာသတင်းများ
၁။ မြန်မာ့ရိုးရာ လက်ဝှေ့ကို အခြေခံထားတဲ့ အက်ရှင်ဇာတ်လမ်းမှာ မေဇင်ဆိုတဲ့ကာရိုက်တာကို စိတ်ဝင်စားလို လက်ခံရိုက်ကူးဖြစ်တာပါဆိုတဲ့ မေမီကိုကို
၂။ အတ္တလွန်ဇာတ်ကားမှာ ရတနာဗိုကို ကိုယ့်သမီးလို သတ်မှတ်လိုမရဖြစ်ခဲ့တဲ့ တင်မောင်ဆန်းမင်းဝင်း
၃။ ပရဟိတကြောင့်ပဲ ပရဟိတမင်းသားလေး ထွန်းမင်းဆိုပြီး သိလာတာမို အသက်ရှိနေသ၍ ပရဟိတကို တောက်လျှောက်လုပ်မယ်ဆိုတဲ့ ထွန်းမင်း