(၂၃-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၃-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နစက ဥက္ကဋ္ဌ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနား တက်ရောက်ချီးမြှင့်
၂။ သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း (၅၀) ရောင်းချပေးမည်
၃။ မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၆၂)တွဲ ရောင်းချနိုင်ခဲ့
၄။ မှတ်ပုံမတင်သည့် ဆန်စပါးသိုလှောင်ရုံများကို လိုအပ်ပါက လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းသည်အထိ အရေးယူမည်
၅။ တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရချင်းဆွေးနွေးပြီးမှသာ နယ်စပ်ဂိတ်များ ပြန်ဖွင့်နိုင်မည်ဟု ဆို
၆။ ရန်ကုန်မြိုက အခြေခံလူတန်းစားအများစု နေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဆီစာအုပ်နဲ့ စားအုန်းဆီတစ်ပိဿာကို ကျပ် ၇၅ဝဝ နဲ့ စတင်ပေးဝေ
၇။ NUG ရဲ့ တရားမဝင်ပညာရေးဘွဲလက်မှတ်နဲ့ ထိုင်းနိုင်ငံ၊ Chulalongkom တက္ကသိုလ် တက်ရောက်ဖို လုပ်ရာက တရားခံအဖြစ် သတ်မှတ်ခံရတဲ့ ဆေးကျောင်းသူနှစ်ဦး
၈။ နိုဝင်ဘာလ ၂၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၁၂,၀၈၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၅၅ ကျပ်၊ Octane 95 – ၃၁၅၀ ကျပ်၊ Diesel – ၂၆၂၀ ကျပ်၊ Premium Diesel – ၃၂၅၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် ဟားမတ်စ်ခေါင်းဆောင်တိုကို အိုင်စီစီ ဖမ်းဝရမ်းထုတ်
၂။ ယူကရိန်းက အမေရိကန် ATACMS ဒုံးကျည်အသုံးပြုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တရုတ်က အမေရိကန်ကို ဝေဖန်
၃။ မောင်းသူမဲ့ယာဉ်တွေကို ပေါင်းစပ်ညှိနှိင်းတိုက်ပွဲဝင်နိုင်မယ့် C2 system ထုတ်လုပ်ပေးရန် L3Harris ကို ပင်တဂွန်စစ်ဌာနချုပ် ကန်ထရိုက်လုပ်ငန်းအပ်နှံ
၄။ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို လာရောက်ခဲ့သည့် ပရက်ဆော့ခွန်းအား ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်
၅။ လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
၆။ “နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး” အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
အားကစားသတင်းများ
၁။ ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အကောင်းဆုံး ဂိုးသမားဆု မြန်မာဂိုးသမား ချောစန္ဒီအောင် ရရှိ
၂။ ရိုးရာလက်ဝှေ့အဖွဲချုပ် ခုံဒိုင်ချုပ် ဦးဒေါင်းနီ ကွယ်လွန်
၃။ ပြိုင်ဘက်မော်ရိုကို ဖိုက်တာခြေကန်ချက်ဖြင့် ဒုတိယအချီအတွင် အလဲထိုးခံရသည့် ထွန်းမင်းအောင်
၄။ VITA MAX Futsal League 1 နှင့် League 2 ပြိုင်ပွဲ ပထမအကျော့ ကစားသမားများ အပြောင်းအရွှေ့စတင်ပြုလုပ်နိုင်ပြီဖြစ်ဟု MFF အသိပေး
၅။ NFL ဟာ ၎င်းတိုလိဂ်မှာကစားနေတဲ့ကစားသမားများရဲ့နေအိမ်များ လုံခြုံရေးသတိထားကြဖို သတိပေးထား
အနုပညာသတင်းများ
၁။ ဗီယက်နမ်နိုင်ငံက Mr World 2024 ပြိုင်ပွဲကြီးမှာ Beauty with a Purpose Top 5 List အထိ မြန်မာကိုယ်စားပြု Mr Sai Toung Law ပါဝင်လာ
၂။ ကာရိုက်တာတွေကို ကိုယ်ဘယ်လောက်အထိ အားစိုက်မှုလုပ်နိုင်လဲ မူတည်ပြီး ရွေးချယ်ရိုက်ကူးဖြစ်တယ်ဆိုတဲ့ ရတနာဗို
၃။ သမီးလေးကြောင့် ပရိသတ်က စူစူကို ကြိုက်နှစ်သက်လာကြလိုလည်း ပီတိဖြစ်ရတယ်ဆိုတဲ့ အိချောပို