(၁၀-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၀-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မြန်မာငွေကြေးအချို ဖျက်သိမ်းနိုင်ကြောင်းနှင့် ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဗဟိုဘဏ် ဖြေကြား
၂။ တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲရက်ပြောင်းလဲ
၃။ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်တွင် မြေပဲဆီနှင့် နှမ်းဆီများကို လွတ်လပ်စွာ ဝယ်ယူနိုင်
၄။ တောင်ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံကူးလက်မှတ်အတုအပပြုလုပ် သက်တမ်းတိုးပေးနေသူများကို အရေးယူနိုင်ရေး ဆောင်ရွက်နေ
၅။ မြန်မာဒုက္ခသည်များ ပြန်လည်အခြေချနေထိုင်ရေးအစီအစဉ်ကို အမေရိကန်အစိုးရသစ် ဖျက်သိမ်းဖွယ်ရှိနေ
၆။ Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရ
၇။ ပုဂံသို ခရီးထွက်လာသည့် လူငယ်အဖွဲအား ဟိုတယ်ဝန်ထမ်းများမှ ဝိုင်းရိုက်သဖြင့် (၁)ဦး သေဆုံးကာ (၄)ဦး ဒဏ်ရာရ
၈။ နိုဝင်ဘာလ ၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၅၂၀,၇၁၅ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၃၀ ကျပ်၊ Octane 95 – ၃၂၁၀ ကျပ်၊ Diesel – ၂၆၁၅ ကျပ်၊ Premium Diesel – ၃၃၄၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ပြည်ပထောက်လှမ်းရေးအဖွဲအစည်းကို နိုင်ငံတော်လျှိဝှက်ချက်တွေ လွှပြောင်းပေးမှုနဲ့ တရုတ်သူလျှိတစ်ဦးကို တရုတ်နိုင်ငံက သေဒဏ်ချမှတ်
၂။ အမေရိကန်အစိုးရ ဝန်ထမ်း အလုပ်သမားသိန်းချီကို ရွှေ့ပြောင်းနေရာချထားဦးမယ့် တစ်ကျော့ပြန်သမ္မတ ထရန့်
၃။ အမေရိကန် စစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာများ ယူကရိန်းသို ဝင်ရောက်မှု တားမြစ်ချက်ကို ပင်တဂွန် ရုတ်သိမ်း
၄။ မြောက်ကိုရီးယားကို အင်အားပြသည့်အနေဖြင့် တောင်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်
၅။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်အကြီးအကဲအဖြစ် ၎င်း၏စည်းရုံးရေးမန်နေဂျာကို ခန့်အပ်လိုက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်ဆွေးနွေးရန် အရိပ်အယောင်ပြ
၆။ လော့အိန်ဂျလိစ်အနီး မြိုရွာများတစ်ဝိုက် လောင်နေသော တောမီးများကြောင့် လူများထွက်ပြေးရန် အာဏာပိုင်များက တိုက်တွန်း
အားကစားသတင်းများ
၁။ မော်လဒိုက်နိုင်ငံ၌ကျင်းပသည့် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာမှ ပထမရွှေတံဆိပ်ဆွတ်ခူး
၂။ Myanmar Women League 2024 သွင်းဂိုးအများဆုံးဆု ရယူသွားမည်ဟု ISPE အသင်းတိုက်စစ်မှူး လင်းမြင့်မိုရ် ပြော
၃။ ပြည်တွင်းအားကစား ဆေးပညာရပ် ဖွံဖြိုးတိုးတက်စေရန် ဆေးပညာ သင်တန်း ပိုချ
၄။ မြန်မာပြည်အလွတ်တန်းချန်ပီယံဆု ထွန်းထွန်းမင်း ဆက်လက်ထိန်းသိမ်း ၊ စိန်ခေါ်သူ သွေးသစ်ဝင်းလှိင်နှင့် ပူးတွဲသရေ ရရှိ
၅။ နယ်သာလန်နိုင်ငံ၊ အမ်စတာဒန်မြို၌ ဘောလုံးပွဲလာ ဂျူးပရိသတ်ကို ပါလက်စတိုင်းလိုလားသူများကာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား
အနုပညာသတင်းများ
၁။ ဖက်ရှင်အတွက်ဆိုပြီး ငွေမကြည့်ဘဲ ဟော့ဟော့ရမ်းရမ်း သိမ်းကြုံးဝယ်တတ်တဲ့ အထဲမပါဘူးဆိုတဲ့ ရတနာဗိုလ်
၂။ ချစ်သူသက်တမ်း ၄ နှစ်ကျော်ရှိတဲ့ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ ပိုင်တံခွန်
၃။ သီချင်းအဟောင်းတွေ ပြန်လည်ဖန်တီးတဲ့အပေါ်မှာ ဝေဖန်တာတွေမလုပ်ကြဘဲ အားပေးကြပါဆိုတဲ့ KIRA