(၁-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မြန်မာ-လာအို နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍအပါအဝင် ပူး‌ပေါင်းဆောင်ရွက်မှုများ တိုးတက်လျက်ရှိကြောင်း ဆွေးနွေး

၂။ အွန်လိုင်းနဲ့ တယ်လီကွန်း လိမ်လည်မှုတွေကို ဖြေရှင်းဖို တရုတ်၊ ထိုင်းတိုနဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရှေ့နေချုပ် ပြော

၃။ ပြည်ပသို ရော်ဘာတန်ချိန် (၃၂၀,၀၀၀) ကျော် တင်ပိုရန် လျာထား

၄။ စားအုန်းဆီများ စျေးသက်သက်သာသာဖြင့် အိမ်အရောက်ပိုစနစ်ဖြင့် မှာယူနိုင်

၅။ ဂျစ်ကားစီးဘူးသလားဇာတ်ကားကို ဝေဖန်ပြီး အွန်လိုင်းပေါ်မှာ ဘာသာရေးစော်ကားမှုများ ပြုလုပ်ထားတဲ့ “Her Sal Yon (Ko King)” ဆိုသူ အဖမ်းခံရ

၆။ အာဏာရူးနေသော AA ကို ချင်းပြည်နယ်က အလိုမရှိဟု ကန်ပက်လက်ဒေသခံများဆန္ဒပြ

၇။ မန္တလေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို PDF အဖွဲက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် (၂) ဦး ထိခိုက်ဒဏ်ရာရ

၈။ အောက်တိုဘာလ ၃၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၁၄,၉၆၈ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၈၀ ကျပ်၊ Octane 95 – ၃၂၉၀ ကျပ်၊ Diesel – ၂၆၁၅ ကျပ်၊ Premium Diesel – ၃၂၆၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်းကို အနောက်က ကူလိုရရင် မော်စကိုကိုလည်း ပြုံယမ်းကကူလိုရသင့်

၂။ စစ်ရေးရည်မှန်းချက်တွေ အောင်မြင်ပြီးရင် အာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေ ရယူသွားမယ်လို အစ္စရေးအစိုးရ ပြော

၃။ မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်

၄။ ၂၀၂၅ ခုနှစ်မတိုင်ခင် ဒရုန်းအစင်းရေ ၁.၈ သန်း ဝယ်ယူသွားမှာဖြစ်ကြောင်း ယူကရိန်းပြော

၅။ တပ်သားသစ် စုဆောင်းရေးအစီအစဉ်သစ်တစ်ခု ယူကရိန်းဆောင်ရွက်မည်

၆။ ထရမ့်က သန့်ရှင်းရေးသမားဝတ်စုံဝတ် အမှိက်ကားမောင်းပြကာ သူတိုသည် အမေရိကန်၏ နှလုံးသားဝိညာဉ်များ ဟု ချီးကျူး

အားကစားသတင်းများ

၁။ သဘာဝဘေး ကူညီထောက်ပံ့ရေး လူမှုအကျိုးပြုလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် အာရှဘောလုံးအဖွဲချုပ်တွေ့ဆုံ ဆွေးနွေး

၂။ ONE က ပြုလုပ်မည့် ONE Friday Fights 170 ပွဲစဉ်တွင် မြန်မာ့အချစ်တော် ရိုးရာဖိုက်တာ(၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

၃။ ကမ္ဘာ့ဘောလုံးအဖွဲချုပ် ဖီဖာ ဟာ အုပ်ချုပ်ရေးပုံစံပြောင်းလဲကျင့်သုံးသင့်ကြောင်းနဲ့ အုပ်ချုပ်ရေးပိုင်းမှာမညီမျှမှုများ လုပ်ဆောင်နေကြောင်း လူမှုအဖွဲအစည်းတစ်ခုဖြစ်တဲ့ FairSquare က ထုတ်ပြန်ခဲ့

၄။ အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဖွံဖြိုးတိုးတက်ရေးအတွက် ၀င်ငွေ နှင့် ရင်းနှီးမြှုပ်နှံမှု ယူရို ၁ ဘီလီယံ ပေးဆောင်သွားမှာဖြစ်

၅။ မန်စီးတီးအမျိုးသမီးအသင်းရဲ့တိုက်စစ်မှူး ဗီဗီယန် မီဒီမာဟာ ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူနေရ

အနုပညာသတင်းများ

၁။ မင်္ဂလာနှစ်ပတ်လည် ၃ နှစ်ပြည့် အမှတ်တရလေးအနေနဲ့ စတုဒိသာ မုန့်ဟင်းခါးလူအယောက် ၁၀၀၀ စာ အလှူလုပ်ခဲ့တဲ့ မိစန္ဒီ

၂။ ပရဟိတဂေဟာကမို ခွဲခြားဆက်ဆံခံရတာမျိုးတွေ သူ့ရဲ့ အနုပညာ ခရီးလမ်းမှာ ကြုံတွေ့နေရတယ်ဆိုတဲ့ နာဂတိုင်းရင်းသား တေးရေး တေးဆို အစူးရီး

၃။ လက်ရှိ အသက် ၄၀ အရွယ်မို တစ်ယောက်တည်းအေးချမ်းစွာဖြတ်သန်းရတာ ပိုသဘောကျလာတယ်ဆိုတဲ့ ဖူးဖူး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လက်ရှိ အသက် ၄၀ အရွယ်မို့ တစ်ယောက်တည်း အေးချမ်းစွာဖြတ်သန်းရတာ ပိုသဘောကျလာတယ်ဆိုတဲ့ ဖူးဖူး
Next post (၁-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ