(၄-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၄-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ စည်ပင်ကြီးကျေးရွာမှ ရေဘေးသင့်အိမ်ထောင် စု(၅၀၀)ကို USDP ပါတီကထောက်ပံ့လှူဒါန်း

၂။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုင်ငံတစ်ဝန်း စာရင်းစစ်၊ စာရင်းကောက် ၄၂၀၀၀ ခန့်ဖြင့် ဆောင်ရွက်လျက်ရှိဟုဆို

၃။ တရုတ် လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှုပ်နှံမည်

၄။ Trust Entertainment ကို စည်းမျဉ်းစည်းကမ်းများမလိုက်နာသဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ကို ယာယီရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေးစိစစ်လျက်ရှိ

၅။ ပအိုဝ်းနယ်မြေအထူးဒေသ (၆) အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲများကို တိုက်ထုတ်သွားမည်ဟု PNA ဆို

၆။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေခြင်းက စစ်လက်နက်ပစ္စည်းဝယ်ယူရန် မူးယစ်ကုန်သွယ်မှုများကို ပိုမိုမြင့်တက်လာစေခဲ့ဟု ထိုင်း ONCB ပြော

၇။ တောင်ကုတ်မြိုနယ်ရှိ AA ဌာနချုပ်ကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်း

၈။ အောက်တိုဘာလ ၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၉၈,၆၆၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၃၅ ကျပ်၊ Octane 95 – ၃၂၉၀ ကျပ်၊ Diesel – ၂၅၈၅ ကျပ်၊ Premium Diesel – ၃၂၃၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ကုလအထွေထွေအတွင်းရေးမှူးချုပ်ဂူတားရက်စ်ကို အစ္စရေးက ပြည်ဝင်ခွင့်ပိတ်

၂။ ၂၀၂၇ တွင် ထိုင်းတောင်ပိုင်းကနေ စစ်တပ်ထွက်ခွာမည်

၃။ နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်

၄။ ထိုင်ဝမ်အရေး အပါအဝင် အခြားကိစ္စရပ်တွေအားလုံးမှာ တရုတ်နဲ့အတူရပ်တည်နေတယ်လို ရုရှားအစိုးရ ပြော

၅။ ပထမဦးဆုံးအကြိမ်အဖြစ် ဟန်မို-၅ ပဲ့ထိန်းဒုံးကျည်ကို တောင်ကိုရီးယား ထုတ်ဖော်ပြသ

၆။ အမျိုးသားများလည်းသန္ဓေတားဆေးသောက်နိုင်တော့မည်

အားကစားသတင်းများ

၁။ Royal-D U-19 Futsal Championship 2024 ပြိုင်ပွဲ အုပ်စု (၈)စု ခွဲ၍ ကျင်းပမည်

၂။ မြန်မာ့ လက်ဝှေ့ကျော် သန့်ဇင်အား Tiger Muay Thai ကလပ်တွင် လာရောက်လေ့ကျင့်ရန် ကမ်းလှမ်း

၃။ MLS Supporters’ Shield ကို ပထမဆုံးအကြိမ် ဆွတ်ခူးတဲ့ မက်ဆီရဲ့ အင်တာမိုင်ယာမီ

၄။ ကိုဆိုဗို ဘောလုံးအဖွဲချုပ်ဟာ ရိုမေးနီးယား အသင်းကို ယူရို ၆သောင်း ၁ ထောင် ဒဏ်ရိုက်ခဲ့

၅။ ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့ကြတဲ့ ချန်ပီယံလိဂ် ဒုတိယပွဲစဉ်တွေမှာတော့ လီဗာပူး နဲ့ ဂျူဗင်တပ်အသင်းတိုကလွဲပြီး အသင်းကြီးတွေ ရှုးပွဲနဲ့ရင်ဆိုင်ခဲ့ရ

အနုပညာသတင်းများ

၁။ MGI 2024 Cambodia Arrival Day ပြိုင်ပွဲကြီးအတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြိုသို စတင်ထွက်ခွာခဲ့တဲ့မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သဲစုညိမ်း

၂။ မိုးဟေကိုက မြန်မာဆန်ဆန်လည်းလှသလို ဖက်ရှင်နဲ့တွဲဖက်လိုက်ရင် ပိုပြီးဆွဲ‌ဆောင်မှုရှိတယ်ဆိုတဲ့ အောင်ရဲလင်း

၃။ ငယ်ငယ်ကတည်းက မေမေက အိမ်မှုကိစ္စတွေ အကုန်လုပ်ခိုင်းတာဆိုတဲ့ လိမ္မော်သီး၊ ဝေလာရီ

၄။ သက်လျာခင် ဇာတ်ကောင်စရိုက်မျိုးနဲ့ ပရိသတ်က မမြင်ချင်ဘူးလိုပြောလာတယ်ဆိုတဲ့ ပိုးမမှီသာ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကယားပြည်နယ်က ရေနစ်မြုပ်နေတဲ့ နေရာတွေကို ဆန်၊ ဆီ၊ စားသောက်ကုန်နဲ့ အလှူငွေ သွားရောက်လှူဒါန်းခဲ့တဲ့ ခန့်စည်သူ
Next post မိုးရွာသွန်းမှုကြောင့် စစ်တောင်းမြစ်‌ရေတိုးလာပြီး ဒေသအချို့ ရေများပြန်လည်ဝင်ရောက်နေ