ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၅၅ သိန်း လှူဒါန်းပေးခဲ့တဲ့ ဖွေးဖွေး

ကာရိုက်တာမျိုးစုံပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ပရိသတ်အချစ်တော်မင်းသမီး အကယ်ဒမီဖွေးဖွေးကတော့ ရေဘေးသင့်ပြည်သူတွေ ပြန်လည် ထူထောင်ရေးအတွက် ငွေကျပ် ၅၅ သိန်းကို ယနေ့ စက်တင်ဘာ ၁၉ ရက်က လှူဒါန်းပေးခဲ့ပါတယ်။ “ချစ်ရတဲ့ ပြည်သူများသို့….” လို့ အကယ်ဒမီဖွေးဖွေးက ပရိသတ်သိအောင် ပြောလာပါတယ်။

သူမကတော့ လက်ရှိ အနုပညာသရုပ်‌ဆောင်မှုတွေ ခေတ္တရပ်နားထားပေမဲ့ ချစ်ပရိသတ်တွေရေဘေးအတွက် ခိုင်နှင်းဝေဆီက တစ်ဆင့် ပါဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဖွေးဖွေး ကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ အသက် ၃၆ နှစ်ပြည့်မွေးနေ့မှာလည်း ဧရာဝတီတိုင်း သာပေါင်းမြို့နယ်နားက ရေဘေးဒဏ်ခံခဲ့ရသူတွေအတွက် ဆန်၊ ဆီ၊ စားသောက်ကုန်နဲ့ ကျပ် ၄၅ သိန်း မ,တည်လှူဒါန်းခဲ့ သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကို ပြည်နယ်နှင့် တိုင်း ၈ ခုတွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက် လှူဒါန်းလိုသူများ ဆက်သွယ်နိုင်