ရေဘေးသင့်ပြည်သူများအတွက် နာမည်ကြီး အဆိုတော်များ က ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

နိုင်ငံတဝန်းရှိ ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေရရှိရန်အတွက် ရည်ရွယ်ကာ နာမည်ကြီးအဆိုတော်များ စုပေါင်း၍ ဂီတဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ နှစ်ရက်ကြာပြုလုပ်မည့် ထိုရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်အဆိုတော်များ ဖြစ်သည့် ထူးအယ်လင်း၊ သာဒီးလူ၊ဝန၊ စစ်သူ၊ ဝေလ၊ နောနော်တို့လည်း ပါဝင်မည် ဖြစ်သည်။

အထက်ပါ ရန်ပုံငွေပွဲတော်ကို ရန်ကုန်ရှိ မြေနီကုန်း ကုန်းကျော်တံတားအောက်တွင် စက်တင်ဘာ (၁၇)ရက်နှင့် စက်တင်ဘာ (၁၈)ရက်၊ ညနေ (၃)နာရီ မှ (၈) နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post နစက ဥက္ကဋ္ဌ နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများအား ကြည့်ရှု စစ်ဆေး