ပထမဆုံးရုပ်ရှင်မှာ ထိုင်းမလေးအဖြစ်သရုပ်ဆောင်မယ့် အိအိအောင်ထွန်း

BMB entertainment ကစီစဉ်ပြီး Triple six Production က ထုတ်လုပ်ဖြန့်ချီမည့် မေတ္တာအမွေပုဂံမြေ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက ဆူးလေဘုရားပေါ်မှာကျင်းပပြုလုပ်ခဲ့ပြီးကျော်ထက်အောင်၊မီမီ@အိအိအောင်ထွန်း၊ဧကရီစုစံ၊မေသန်းနုနဲ့အခြားသရုပ်ဆောင်များစွာနှင့်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

DBN ပရိသတ်ကြီးတို့ရေ….အဆိုပါ မေတ္တာအမွေပုဂံမြေရုပ်ရှင် ဇာတ်ကားကြီး နဲ့ပတ်သတ်ပြီး သာမန် ကရင်တိုင်းရင်းသူလေးဘဝကနေ နိုင်ငံတကာအလှမယ်တွေနဲ့အပြိုင် ရင်ပေါင်တန်းနိုင်ခဲ့တဲ့ Miss Grand Myanmar 2022အလှမယ် မီးမီး (ခေါ်) အိအိအောင်ထွန်း၊ ထိုင်းအမည် Kansuda Chanakeeree က သူ၏ ပထမဆုံးရုပ်ရှင် ဇာတ်ကားကြီး ဖြစ်ပြီး ထိုင်းမလေးအဖြစ် သရုပ်ဆောင်ရမည့်အကြောင်း အခုလိုပြောကြားလာပါတယ်။

“စိတ်လှုပ်ရှားပြီး အရမ်းရင်ခုန်တယ်။ ကိုအားပေးခဲ့သော အကိုတွေ အမတွေနဲ့ အပြင်မှာ ကိုယ်တွေ့လာတွေ့ရတာ အရမ်းပျော်တယ် စိတ်ထဲမှာ ဝမ်းသာတယ် ။ ရုပ်ရှင်ကား ရိုက်ကူးဖို့လည်း စောင့်နေတာ ကြာပြီ အခုမှ ရိုက်ခွင့်ရတာ ရုပ်ရှင်အတွက် ဘာသာစကားကိုလည်း သင်ကြားထားပြီဂ ရုပ်ရှင်ကားထဲမှာလည်း သူမရဲ့ ထိုင်းနာမည်အရင်းနဲ့ သုံးထားဖြစ်ပါတယ်” ဟု မီးမီး က ပရိတ်သတ်ကြီးထံ ရိုက်ကူးမည့် ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပြောကြားသွားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကြော်ငြာဓာတ်ပုံ အတူတူရိုက်ကူးနေတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးတို့ သားအမိ
Next post အင်တာမိုင်ယာမီရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် လက်မှတ်တွေ ရှစ်မိနစ်အတွင်းမှာပဲ ရောင်းကုန်