အနယ်နယ်အရပ်ရပ်က ဂုဏ်ပြုချီးမြှင့်ငွေများမှ အဖွားဖြစ်သူအတွက် မြေကွက်ဝယ်ပေးခဲ့တဲ့ ကိုယ်ကာယအားကစားမယ် မသဲစု

ရန်ကုန်တိုင်း၊ဒလမြို့နယ်က ကျူးကျော်တဲအိမ်လေးမှာ နေထိုင်တဲ့ မသဲစုဟာ အားကစားနဲ့ထူးချွန်တာကြောင့် ကမ္ဘာ့အဆင့်ထိ အောင်မြင်မှုတွေရရှိခဲ့သူ တစ်ဦးဖြစ်ပြီး အဖွားဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိပါသည်။

မသဲစု ဟာဆိုရင် မြန်မာနိုင်ငံတွင် ကျင်းပခဲ့တဲ့ (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနဲ့ အားကစားပြိုင်ပွဲမှာ ပထမဆု၊ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၅၃) ကြိမ်မြောက် အာရှကာယဗလနဲ့ ကိုယ်ကာယအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ အပါအဝင် ဆုသုံးဆု၊ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၁၁) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနဲ့ ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ / 11th WBPF Championship မှာ တတိယဆုတွေကို (၂၀၁၉) ခုနှစ် တစ်နှစ်အတွင်းမှာ ဆွတ်ခူးခဲ့ပြီး၊ နိုင်ငံ့ဂုဏ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

DBN ပရိတ်သတ်ကြီးတို့ရေ…..အခုအခါ ပရိတ်သတ်တွေလည်း ကျူးဆိုတယ့်အသံမကြားရအောင် အဖွားဖြစ်သူလည်း သက်တောင့်သက်သာ နေနိုင်စေပို့ ရည်ရွယ်၍ ရရှိသော ဂုဏ်ပြုဆုငွေများကို သိန်း(၁၂၀)နီးပါးရှိတဲ့ မြေကွက်ကို ရန်ကုန်နဲ့ သိပ်မဝေးနဲ့ ရွာဘာက်မှာ ဝယ်လိုက်တာပါလို့ မသဲစုက ပြောလာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထာဝရ” Mandalay Wedding Fair 2023 ယခုလအတွင်း ကျင်းပမည်
Next post လက်ဝှေ့သမား Amir Khan သည် ဇနီးသည်အား တန်ဖိုးကြီးကားတစ်စီး လက်ဆောင်ပေး