ဇွန်လ(၃)ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် အပါအဝင် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်မည်

လာမည့် ဇွန်လ (၃)ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာန အသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဟု ပညာ ရေးဝန်ကြီးဌာနမှ သိရသည်။

အချို့သောနယ်မြေများရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များအားလုံးကိုလည်း ဇွန်လတွင် ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစတင်၍ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများကို လူရည်ချွန်များ ပြန်လည်ရွေးချယ် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရန် တစ်နိုင်ငံလုံးရှိ ကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်အားကစားစသည့် အားကစားနည်း ပြိုင်ပွဲများကို ကျင်းပကြရမည်ဖြစ်ပြီး ဇူလိုင်လတွင် ဗဟိုအဆင့်ပြိုင်ပွဲများကို နေပြည်တော်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၃-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၄-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်