ဒုတိယအကြိမ်အဖြစ် ကလော၊ ကယားဘက်မှ ရေဘေးသင့် ပြည်သူများအား လှူဒါန်းသွားမည့် ခိုင်နှင်းဝေ

ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့အထိ ရေဘေး အလှုငွေ သိန်း (၁၁၀၀၀) ကျော် ရရှိထားပြီဖြစ်ကြောင်း ပရဟိတ မင်းသမီး ခိုင်နှင်းဝေမှ ၎င်း၏ ဖေ့ဘုတ်အကောင့်မှတစ်ဆင့် အသိပေးထားပါသည်။ အဆိုပါ ရေဘေးအလှူငွေများထဲမှ ဒုတိယအကြိမ် လမ်းကြောင်းအဖြစ် ကလော၊ ကယားဘက်မှ မြေပြို ၊ အိမ်ပြို အိမ်ခြေ (၂၀၀) အတွက် တစ်အိမ်ထောင် သိန်း(၃၀) ဖြင့် သိန်း (၆)ထောင်ဝန်းကျင် နှင့် လိုအပ်သောပစ္စည်းများကို လှူုဒါန်းသွားမည် ဖြစ်ကြောင်း သိရပါသည်။

ဒါ့အပြင် ရေမကျသေးပဲ အရေးပေါ် ကယ်ဆယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်နေသေးသော နေရာများ အတွက် “ရှင်သန်ရေး လူမှုကူညီရေးအသင်း ”သို့ အသက်ကယ်လှေ ဝယ်ယူရန် သိန်း (၆၀၀)၊ “ရွှေကြာလူမှုကူညီရေး အသင်း”သို့ ကားဝယ်ယူရန် သိန်း (၆၀၀) ၊ ပရဟိတအတွက် အသက်ပေးသွားသော လူငယ်လေးအတွက် မိသားစု ထောက်ပံ့ငွေ သိန်း (၁၀၀) တို့ကို လှူဒါန်းပေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၈-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post “အတတ်နိုင်ဆုံး မူလအခြေအနေ အတိုင်းဖြစ်အောင် ကျွန်တော်တို့ကူညီပေးပါမယ်”ဟု ရေဘေးသင့်ပြည်သူများကို နစက ဥက္ကဋ္ဌ အားပေး